Page de couverture de The Reality

The Reality

Auteur(s): Insight Myanmar
  • Résumé

  • ‘The Reality’ ကတော့ လူတစ်ဦးရဲ့ ဖြစ်တည်မှုကနေ အစပြုပြီး လူနေမှုဘဝတွေကို ကိုယ်စားပြုတဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းစတိုရီတွေ၊ အပြန်အလှန်ဆွေးနွေးသွားမယ့် စကားဝိုင်းတွေအဖြစ် နားဆင်ကြရမယ့် ဒီဂျစ်တယ် ပေါ့ကတ်စ်ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ မျက်မှောက်ကာလမှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေ၊ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားနိုင်မယ့် ပေါ့ကတ်စ်တွေအပါအဝင် စိတ်ကျန်းမာရေး ၊ လူနေမှုဘဝတွေနဲ့ ရောက်တတ်ရာရာ အတွေးစကားစုတွေ၊ လိင်ပိုင်းဆိုင်ရာ အသိပညာပေး အကြောင်းအရာတွေပါဝင်ပါတယ်။ အနုပညာဟာ စိတ်အနာတရတွေကို ပြန်လည်ကုစားဖို့ အကောင်းဆုံးဆေးတစ်ခွက်ပါ၊၊ နေ့စဉ်ကြုံနေရတဲ့ လူမှုဘဝပြသနာတွေ၊ စိတ်အနာတရတွေကို ဒီပလပ်ဖောင်းက ပေါ့ကတ်စ်တွေ နားဆင်ရင်း ဘဝအမောတွေ ခေတ္တခဏ ပြေပျောက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။
    Copyright 2024 Insight Myanmar
    Voir plus Voir moins
activate_primeday_promo_in_buybox_DT
Épisodes
  • The Teacher
    Jun 29 2024

    ကိုယ်တန်ဖိုးထားရတဲ့ သူတွေကို ဆုံးရှုံးလိုက်ရတဲ့ ခံစားချက်ကို ခံစားကြရဖူးလား .. ... ....

    ၂၀၂၁ စစ်အာဏာသိမ်းမှုရဲ့ အရိုက်အခတ်က ကျနော်တို့ တန်ဖိုးထားရတဲ့ အရာတွေ၊ တန်ဖိုးထားရတဲ့ သူတွေကို ကျနော်တို့ရဲ့ ဘဝတွေထဲကနေ တစပြီး တစ ဆွဲထုတ်သွားတယ်။ စစ်တပ်ရဲ့ မတရားဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှုတွေကြောင့် ကျနော်တို့ ချစ်ရသူအချို့ အသက်မရှိကြတော့ဘူး။ အချို့တွေ အကျဉ်းထောင်ထဲမှာ၊ တောထဲ တနေရာမှာ၊ စစ်ရှောင်စခန်းတွေထဲမှာ၊ ဗုံးခိုကျင်းတွေထဲမှာ။

    ဒီပေါ့ကတ်စ်မှာတော့ အကျဉ်းထောင်ထဲက တသက်၊ တကျွန်း အကျဉ်းချခံထားရတဲ့ ကျနော်တို့ ဘဝတခုလုံး တန်ဖိုးထားရတဲ့ ဆရာတယောက်အကြောင်း တင်ဆက်ထားတာဖြစ်ပါတယ်။ နားသောတ ဆင်လိုက်ကြ ရအောင်ပါ။

    “ မဝေးတော့တဲ့ တော်လှန်ရေးအောင်ပွဲ ခရီးနဲ့အတူ ဆရာတစ်ယောက် တစ်ချိန်က အလင်းအိမ်ကျူရှင်ရဲ့ စာသင်တဲ့ စင်ပေါ်မှာ မိုက်ကလေး ကိုင်ပြီး တပည့်တွေကို စာတိုင်ပေးတဲ့ အချိန်တွေကို ပြန်တမ်းတရင်း ဆရာနဲ့အတူ အပြစ်မဲ့တဲ့ စွန့်လွှတ်သူတွေ အားလုံး အမြန်ဆုံး လွတ်မြောက်ပါစေလို့ ဆုတောင်းရင်း ဒီပေါ့ကတ်လေးကို စာစုလေးတစ်ခုနဲ့ အဆုံးသတ်ချင်ပါတယ်။

    “ကလောင်တွေဟာ ဓားသွားထက် ပိုထက်ပါတယ်။ ဒီကလောင်ဓားသွားဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို စေတနာ မှန်မှန်ကန်ကန် တည့်တည့်မတ်မတ် ထားမှသာ တန်ဖိုးရှိမှာပါ”

    Voir plus Voir moins
    6 min

Ce que les auditeurs disent de The Reality

Moyenne des évaluations de clients

Évaluations – Cliquez sur les onglets pour changer la source des évaluations.