• Episode #35: စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ
    Jan 10 2024

    မျိုးစေ့ပညာကို တစိုက်မတ်မတ် လေ့လာခုံမင်တတ်သော သူမ။ ပြည်သူ့အစိုးရလက်ထက်တွင် မိမိကျွမ်းကျင်ရာဖြင့် နိုင်ငံ့၀န်ထမ်းအဖြစ် တာ၀န်ယူခဲ့သည်။

    သူမသတိမထားမိခဲ့သည်ကား

    မျိုးစေ့နှင့်ပတ်သတ်လျှင် ချဉ်ပေါင် ကန်စွန်းလောက် ဗဟုသုတဖြင့် ပညာရှင်များကို အမိန့်ပေးမည့် မိုးကျရွှေကိုယ် တဖြစ်လဲ စစ်အရာရှိဟောင်း

    အထက်လူကြီးများကိုပင် ဖြစ်သည်။ ကဏ္ဍပေါင်းစုံကို အုပ်ချုပ်နိုင်သည်ဟူသော ကလေးအတွေးဖြင့် နေရာယူခဲ့ကြသည့် စစ်တန်းလျားပြန်များကြောင့် ကဏ္ဍပေါင်းစုံများစွာ ဆုတ်ယုတ်ခဲ့ရသည်။

    နိုင်ငံအ‌တော်များများကို စိုက်ပျိုးရေးကဏ္ဍဖြင့် လေ့လာဆည်းပူးခဲ့သော သူမသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် အခွင့်အလမ်းများစွာကို ဖန်တီးချင်ခဲ့သည်။ သို့သော် သူမအတွက် အခက်အခဲများစွာက ဆီးကြိုနေခဲ့သည်။

    စပါးဈေးကွက်၊ တောင်သူကြီးများ၏ အခက်အခဲ၊ လုပ်စားခံရသော နိုင်ငံပိုင် မျိုးစေ့မြေနေရာများ၊ သုံးစားမရသော ဆည်မြောင်းတာတမံစနစ်များနှင့်

    အနာဂါတ်စီမံချက်များကို သူမ ပြည့်ပြည့်စုံစုံရှင်းပြရင်း CDM လုပ်ရခြင်းရည်ရွယ်ချက်များကို မျှဝေခဲ့သည်။

    ဆုံးရှုံးမှုကြီးသော သူမ၏ တော်လှန်ရေးခရီးရှည်နှင့် မိခင်တဦး၏ သောက၊ အတ္တနှင့် ဓမ္မ လွန်ဆွဲပွဲ စသည်တို့ကို စုံစုံလင်လင် ဖော်ပြထားသော

    ဆရာမမီးမီး၏ "စိုက်ပျိုးတော်လှန် စစ်ကျွန်မခံ"

    Podcast ကို နားဆင်နိုင်ပြီဖြစ်ပါသည်။

    Voir plus Voir moins
    50 min
  • Episode #34: ခိုင်မာသော နှလုံးသားနှင့် လေးစားထိုက်သော မိခင်
    Nov 25 2023

    သူမကို ခင်မင်သူတွေက မသော် ဟု ခေါ်ကြသည်။ သူမ၏ဘ၀သည် အာဏာမသိမ်းခင်က ရိုးရှင်းသည်။ ဘာသာပြန်၊ အင်္ဂလိပ်စာဆရာမအဖြစ်

    Professional ကျကျ လုပ်ကိုင်သူ၊ သူမ၏ကလေးတွေအတွက် မအားမလပ်သည့်ကြားက အချိန်ပေးတတ်သူ၊ ဘ၀ကို ခေတ်မီမီ ဖြတ်သန်းနေသော မိခင်ကောင်း၊ အမျိုးသမီးကောင်း တစ်ဦးဖြစ်သော သူမ။

    စစ်အာဏာသိမ်းမှု စတင်ချိန်တွင် သူမ၏ဘ၀တွေ ဇောက်ထိုးမိုးမျှော် ဖြစ်တော့သည်။ စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲပြဿနာများကို သူမ ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့် ဆန္ဒပြပွဲများကို အားသွန်ခွန်စိုက်ပါ၀င်ရင်း သူမ ရှာဖွေစုဆောင်းထားသမျှကို နွေဦး တော်လှန်ရေးအတွက် ပုံအောခဲ့တော့သည်။

    ဆရာမသော်ဟာ လက်ရှိအချိန်အထိ နွေဦးတော်လှန်ရေးကို အားသွန်ခွန်စိုက် ပါ၀င်နေသော၊ လေးစားထိုက်သော သူတစ်ဦးဖြစ်သည့်အပြင်

    သာမန်အမျိုးသမီးတစ်ဦးအတွက် မတွေးဖူးမကြုံဖူးလောက်တဲ့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ရင်း တော်လှန်ရေးခရီးကို ရှေ့ဆက်နေသော သူမရဲ့ ခိုင်မာတဲ့ ခံယူချက် အတွေ့အကြုံတွေဟာ ကျတော်တို့ကိုတောင် ပါးစပ်အဟောင်းသား ဖြစ်စေရပါတယ်။

    ဆရာမသော်ဟာ သူမရဲ့မျိုးဆက်တခုစာ တာ၀န်ပျက်ကွက်မှုကြောင့် လက်ရှိလူငယ်တွေ အသက်တွေရင်းနေရတယ်လို့ ခံယူထားသူတစ်ဦးဖြစ်ပြီး သူမအသက်ရှင်နေသမျှကာလပတ်လုံး တော်လှန်ရေးအပေါ် အကောင်းဆုံး ကြိုးစားကူညီနေသော အမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

    ကင်ဆာရောဂါခံစားနေရသော သားငယ်အတွက် အချိန်ပေးဖို့ရာ တော်လှန်ရေးကို သွေဖယ်ရမှာ ကြောက်မိတဲ့သူမဟာ နောက်ဆုံးမှာ တော်လှန်ရေးကိုပဲ ရွေးချယ်ခဲ့တဲ့ သူမ။ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားအားကျသည့်အပြင် အမေစုကဲ့သို့ စွန့်လွတ်ခြင်းမျိုးကို ရွေးချယ်ခဲ့တဲ့ သူမအကြောင်း၊ တော်လှန်ရေးအပြီးသတ်မနိုင်ခင် တက်မထောင်ဘဲ နိုင်ရာတာ၀န်ကို ဝိုင်းထမ်းကြဖို့ မျက်ရည်တွေကြားကနေ ပြောပြခဲ့တဲ့ သူမအကြောင်းကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည် podcast မှာ နားဆင်နိုင်ပြီဖြစ်ပါသည်။

    Voir plus Voir moins
    52 min
  • Episode #33: စိတ်ရောကိုယ်ပါ ကြံ့ခိုင်ပါမှ
    Sep 6 2023

    လူငယ်လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာဖို့ စိတ်အားထက်သန်သူ၊ အင်ဂျင်နီယာတစ်ယောက်အနေနဲ့ အသက်မွေးရင်း မြို့နယ်တိုင်းမှာ အားကစားရုံဖွင့်ချင်သူတစ်ယောက်၊ အိပ်မက်တွေကို အကောင်အထည်ဖေါ်ရင်း စစ်အုပ်စု၏ မတော်လောဘကြောင့် အကုန်ပျက်စီးသွားရသော ပြည်သူထဲက လူငယ်တစ်ဦး။

    သူ့အိပ်မက်တွေအကောင်အထည်ဖော်နေသော်လည်း အာဏာသိမ်းမှုဖြစ်လာသည့်အချိန်တွင် တုံ့ဆိုင်းမနေ။ ရသည့်နည်းဖြင့် ဆန္ဒပြသည်။ သို့သော် စစ်ကောင်စီက အလွတ်မပေး၊

    အင်းစိန်ထောင်နန်း စံရတော့သည်။ ထောင်တွင်းနေ့ရက်တွေကို စိတ်အားမငယ်၊ ပညာပင် ရသေးသည်ဟု သူဆိုသည်။ ငါးလကြာ၊ ပြန်လွတ်လာပြီး ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေအတွက် စာအုပ်၊ရိက္ခာ၊ လိုအပ်ရာရာတွေ သူပို့သည်။

    ရည်ရှည်ရပ်တည်နိုင်ရန် အလုပ်ပြန်လုပ်သည်။ သို့သော် သူ့အတွက်သေချာသည်ကား စစ်ကောင်စီလက်အောက်တွင် ဘယ်အရာမှ မရှင်နိုင်သည်ကို သူသိထားသည်။ ထောင်မှ လွတ်ပေးသော်လည်း တိတ်တဆိတ် နောက်ယောင်ခံမှုများနှင့် မရေရာသော အာမခံချက်တွေကို ကျောခိုင်းပြီး တတိယနိုင်ငံသို့ ရှောင်ထွက်ခဲ့သည်။

    ရရာအလုပ် လုပ်ရင်း ရေကြည်ရာ မြက်နု ရှာတော့မည်ဟု သူဆိုသည်။ တော်လှန်ရေး အစိုးရအပေါ် လျော့တိလျော့ရဲဖြစ်နေသည်ဟုသာ သူထင်သည်။ ပြည်သူ့အစိုးရဖြစ်လင့်ကစား ပြည်သူ့ရင်ခွင်နှင့် ဝေးနေသောကြောင့် ဆိုးနေသော သားတွေ ရှိနေသည်ဟု သူပြောသည်။ ပုံမှန်အခြေအနေမှာ လက်ခံနိုင်စရာရှိသော်လည်း လက်ရှိအချိန်အတွက် တာ၀န်နှင့် အခွင့်အရေးကို နားလည်သင့်ပြီဟု သူမျှဝေခဲ့သည်။ ထိုသူသည် အင်ဂျင်နီယာ Gym နည်းပြ ကိုမင်းသန့်ပင် ဖြစ်ပါသည်။ သူ၏ဘ၀အကြောင်း တစေ့တစောင်းကို

    တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည်တွင် လေ့လာနားဆင်နိုင်ပြီဖြစ်ပါသည်။

    Voir plus Voir moins
    45 min
  • Episode #32: လူထဲက လူ
    Jul 24 2023

    LGBT အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူ။

    သူမ ပေးတဲ့ သင်တန်းတွေကနေ တဆင့် မိမိကိုယ်မိမိ လက်ခံသွားနိုင်တဲ့သူတွေ၊ ကိုယ့်ဘ၀ကိုယ် ယုံကြည်တတ်သွားသူတွေ မနည်း။ သူ့အမည်ကား ပိုင်။

    အမျိုးသမီးချင်း စိတ်၀င်စားသူတစ်ယောက်အဖြစ် မိမိကိုယ် မိမိ လက်ခံခဲ့သူ၊ ခန္ဓာကိုယ်အောက်ပိုင်း ဆုံးရှုံးလုနီးပါးအထိ ဆန္ဒပြခဲ့သူ၊ ပုံမှန်လမ်းပြန်လျှောက်ဖို့ တစ်နှစ်ကျော်ကြာ ကြိုးစားခဲ့ရသူ အခက်အခဲများစွာကို မေတ္တာဖြင့် ကျော်ဖြတ်ခဲ့သူတစ်ယောက်၏ ဘ၀အကြောင်း။

    တော်လှန်ရေးအပေါ် မျှော်လင့်ချက်ကြီးသော လူငယ်တစ်ယောက်ဖြစ်သည့်အပြင် ပြည်သူ တစ်ယောက်ချင်းစီတိုင်းကို ရသင့်ရထိုက်သော အခွင့်အရေးတိုင်း ရစေချင်သော သူမ။

    ဘ၀ရည်မှန်းချက်ကို နည်းပြကောင်းတစ်ယောက်ဖြစ်လာဖို့ သက်မှတ်ထားသူ၊ တော်လှန်ရေး၏ နိုင်ခြင်း ရှုံးခြင်း၏ အရေးပါမှုကို ရိုးရိုးရှင်းရှင်း မြင်သာလာအောင် ပြောပြနိုင်သော သူမ၏ စကားများကို တော်လှန်ခြင်းများနှင့် ခေတ်သစ်မြန်မာပြည်မှာ နားဆင်နိုင်ပြီဖြစ်ပါတယ်။

    Voir plus Voir moins
    1 h et 2 min
  • Episode #31: ဦးဂမ်ဘီယာနှင့် ရွှေဝါရောင်တော်လှန်ရေး
    Jun 2 2023

    ၂၀၀၇ ဩဂုတ်၊ စက်တင်ဘာ လများတွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဥူးဂမ်ဘီရ။

    ငယ်ရွယ်စဉ်ကတည်းက စစ်အာဏာရှင်၏ ဆ်ိုးသွမ်းရက်စက်မှုကို စာအုပ်စာပေမှတဆင့် ကိုယ်တွေ့ကြုံရပြီး ရဟန်းဘ၀မှစ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ။

    ဘာသာ သာသနာကို ခုတုံးလုပ်တတ်သော စစ်အာဏာရှင်၏ ကြောင်သူတော်မျက်နှာဖုံးကို ခွါချပေးနိုင်ခဲ့သောသူ။

    ပြည်သူလူထု၏ အခက်အခဲနှင့် ဆင်းရဲမွဲတေမှု မြစ်ဖျားခံရာသည် စစ်အာဏာရှင်စနစ်ဖြစ်သည်ကို ပိုမိုထင်ရှားအောင် ထောက်ပြပေးနိုင်ခဲ့သော

    ရွှေဝါရောင် အရေးအခင်း၏ ဦးဆောင်သူ ဥူးဂမ်ဘီရ။

    လက်ရှိ နွေဦးတော်လှန်ရေးအပေါ် နိုင်သမျှ ၀န်ထမ်းရင်း သူ၏အတွေ့အကြုံ၊ သုံးသပ်ချက်၊ ဘ၀ဖြတ်သန်းမှုများကို တော်လှန်ခြင်းများနှင့်ခေတ်သစ်မြန်မာပြည်မှ ဆက်သွယ်မေးမြန်းထားသည်ကို အပိုင်း ၃၁ တွင် နားဆင်နိုင်ပြီဖြစ်ပါသည်။

    Voir plus Voir moins
    49 min
  • Episode #30: ခွဲခြားခံရမှု၊ နိုမ့်ချမှုများနှင့် ရှေးရိုးစွဲကို လွန်၍
    May 11 2023

    ကိုဗစ်တာ၊ LGBT ဆရာ၀န်တ‌စ်ယောက်၊ နွေဦးတော်လှန်ရေးကို ဘ၀နဲ့ရင်း ခေါင်းတိုး၀င်ခဲ့သူ။ နိုင်ရာ၀န်ထမ်းရုံသာမက မနိုင်၀န်ကိုပါ တော်လှန်ရေးအတွက် ထမ်းပေးသူ။ မိဘပတ်၀န်းကျင်ရဲ့ ဖိနိုပ်ရှုတ်ချမှုတွေကြားက ဘ၀ရပ်တည်ချက်ကို ရဲရဲရင့်ရင့် ဖွင့်ဟ၍ ရှေ့ဆက်ရဲသူ။ တော်လှန်ရေးဆိုသည်မှာ ကိုဗစ်တာနဲ့ မစိမ်း။ ငယ်ငယ်ကတည်းက တော်လှန်ခြင်းနှင့် ရင်းနီးခဲ့ရပြီး ရပ်တည်ချက်ခိုင်မာသူ။ ထိုသို့သော ဆရာ၀န်တစ်ယောက်၏ တော်လှန်ရေးခရီးကြမ်းကား မချော။

    ဆေးရုံက လှည့်မကြည့်၊ Blacklist အသွင်းခံရသော်လည်း သူမမှု။ ရသမျှအားနှင့် ရှေ့ဆက်သည်။ သူ့ပါတနာနှင့်အတူ ကယား(ကရင်နီ) ဖက်ကို တော်လှန်ရေး ခရီးရှည် ဆက်ခဲ့ရသည်။ သူ၏ တောတွင်းအတွေ့အကြုံများကား အိမ်မက်ဆန်ဆန်ပင်။ ငယ်ငယ်က လက်ပြဖူးသော လေယာဉ်သံကြားလျှင် ပြားနေအောင်၀ပ်ရာမှနောက်ပိုင်း ထမင်းစားပင်မပြတ်တော့။ ရေမရ၍ အရေပြားရောဂါပေါင်းစုံကို ဂရုစိုက်ပေးရသည်။ COVID အတွက်လည်း ရှိတာသုံး၍ အဆင်ပြေအောင် ကျော်လွှားခဲ့ရပုံတွေ၊ ဗိုက်ပွင့်လူနာကို အသက်ကယ်ခဲ့ရပုံတွေကို ဘယ်တော့မှ မေ့တော့မည်မဟုတ်ဟု သူဆိုသည်။


    ကိုဗစ်တာရဲ့ စိတ်လှုပ်ရှားစရာ အားတက်စရာ အံအားသင့်စရာ များစွာကို ယခု podcast တွင် နားဆင်နိုင်မှာ ဖြစ်ပါတယ်။

    Voir plus Voir moins
    1 h et 10 min
  • Episode #29: ဒီတက်နဲ့မရရင် ဟိုတက်နဲ့လှော်
    Mar 18 2023

    ကိုကျော်၊ အင်ဂျင်နီယာ၊ သိပ်သဘောကောင်း၊ လူချစ်လူခင်ပေါတဲ့သူ။ အာဏာစသိမ်းပါပြီဆိုကတည်းက ဆန္ဒပြသူ။ အစောဆုံးစစ်သင်တန်းတက်သူ။ နွေဦးတော်လှန်ရေးကို ကျရာနေရာကနေ သူထမ်းသည်။ ကျတော် မထင်ထားသည်ကိုပင် သူလုပ်သည်။ နောက်ဆုံး အဆင်မပြေဖြစ်သည့်ကြားမှ ရသမျှရှေ့ဆက်ရင်း နောက်ဆုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွတ်ရသည်။

    သို့သော် သူရသမျှ အိမ်နှင့်အတိုက်အခံလုပ်ကာ ရှေ့သို့ပို့သည်။ ရှာသမျှ မလောက်၊ စိတ်၀င်တစား မေးမိသည်။ သူ့အဖြေကား မိမိအနာဂါတ်အပါအ၀င် အနာဂါတ်ပေါင်း များစွာအတွက် ရင်းနှီးမြုပ်နှံမှုလုပ်သည်ဟု ဆိုသည်။

    ဆီရဆီ၊ဆန်ရဆန်၊ ရသမျှ အကုန်ပို့ပေးသည်။ လက်တွဲဖော်ကောင်းနှင့်လည်း ဆုံ၍ စိတ်တူကိုယ်တူ အပြိုင်အဆိုင် ပံ့ပိုးကူညီကြသည်။

    သူထင်မထားတာ တခုရှိသည်ဟု ၀န်ခံသည်။ ဘ၀ရင်း အသက်ရင်းသော သူတွေများခဲ့သလောက် ကျောင်းတွေ တက္ကသိုလ်တွေ အလုအယက် တက်ကြသူတွေလည်း များသည်။ လူငယ်တွေ အဲ့လောက် နှလုံးသားနှင့် ဦးနှောက် သိမ်ဖျင်းမည်ဟု သူမထင်ခဲ့ဟု ဆိုသည်။

    ဘာတွေဘယ်လိုပင် ဖြစ်ပါစေ အားနဲ့မာန်နဲ့ ရှေ့ဆက်နေကြသော ကိုကျော်လို အဖိုးတန်ပြည်သူများက နွေဦးတော်လှန်ရေးကို ဖော်ဆောင်နေကြောင်း ယခု podcast မှာ နားဆင်နိုင်ပြီဖြစ်ပါတယ်။

    Voir plus Voir moins
    40 min
  • Episode #28: ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံ(၂)
    Feb 16 2023

    ဆရာဇင်ဇေလွင်၏ ကြယ်ငါးကောက်သူနှင့်ကြယ်ကြွေနိုင်ငံ ပထမပိုင်းကို နားဆင်ပြီး ဒုတိယပိုင်းအတွက် စောင့်မျှော်နေမည်ကို ယုံကြည်ပါတယ်။

    Podcast ရဲ့ အနှစ်သာရဖြစ်တဲ့ နားဆင်ရင်း တွေးခေါ်နိုင်မယ့် အကြောင်းအရာတော်တော်များများကို ဆွေးနွေးပြောပြသွားတဲ့ podcast တစ်ခုလည်း ဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနားဆင်ရင်း လေးလေးနက်နက်တွေးစရာတွေ လုပ်စရာတွေ မြင်လာမယ်လို့ ယုံကြည်ပါတယ်။

    ကျတော်တို့နိုင်ငံမှာ ဆရာဇင်ဇေလွင်လို ကြယ်ငါးကောက်သူတွေ ရှိခဲ့ပါတယ်။ ယခုကာလမှာဆိုရင် ပိုလို့တောင် များပါသေးတယ်။ အဲ့လို လူတွေဟာ အခုဆို ကောင်းကင်မှာ တရှိန်ထိုးတောက်ပနေတဲ့ ကြယ်တွေ မကြွေစေဖို့အရေး နိုင်ရာတာ၀န်ကို မျှထမ်းနေကြပါတယ်။ ရှိသမျှ ရှာထားသမျှတွေကို ချရင်းပြီး လောင်းကြေးထပ်ခဲ့တဲ့ ဆရာဇင်ဇေလွင်ရဲ့ တော်လှန်ရေးခရီး ဒုတိယပိုင်း ကြယ်ငါးကောက်သူနှင့် ကြယ်ကြွေနိုင်ငံကို ကြိုးစားဖန်တီးပေးလိုက်ပါတယ်။ နားဆင်ရင်း နွေဦးတော်လှန်ရေးအတွက် တွေးနိုင် ကြံနိုင် အားဖြည့်နိုင်ကြပါစေခင်ဗျာ။

    Voir plus Voir moins
    54 min